ဦးနှောက်ကို ပျက်စီးစေမယ့် အလေ့အထတွေ လုပ်မိနေသလား
ဦးနှောက်ဆိုတာက အဖိုးမဖြတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ အရာရာကို ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းလေး ဖြစ်တာကြောင့် ကျန်းမာနေအောင် ဂရုစိုက်ဖို့က မဖြစ်မနေ လိုအပ်မှာပါ။ ကံမကောင်းစွာနဲ့ပဲ လူတော်တော်များများက သူတို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းလေး ဖြစ်တဲ့ ဦးနှောက်လေးကို ထိခိုက်စေနိုင်တဲ့ အပြူအမူတွေကို သူတို့ကိုယ်တိုင် လုပ်ဆောင်မိနေပါတယ်။ ကိုယ်တိုင်ရော လုပ်မိနေပြီလားလို့ သိချင်နေပြီလား? ဒါဆိုရင်တော့ စာလေးကို ဆုံးအောင်ဖတ်ပြီး ကိုယ်တိုင်တင်ခြင်စရာလေးတွေကို ဆင်ခြင်လိုက်တော့နော်။
အလေ့အထ #၁ : အိပ်ရေးဝဝ မအိပ်တာ
အိပ်ရေး ဝဝ မအိပ်တာက ဦးနှောက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးမဝတာက ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ အဆိုးဆုံး အပြုအမူ တစ်ရပ်ပါ။ အိပ်ရေးမဝတာက ဦးနှောက်ကို အနားမရစေသလို ပင်ပန်းထားတာတွေကို ပြန်အားပြည့်စေမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။
အိပ်ရေးမဝတာက မှတ်မိနိုင်စွမ်းတွေကို ကျဆင်းစေနိုင်သလို မေ့တတ်တာ၊ စိတ်အတက်အကျ မြန်တာတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးပျက်တာက dementia ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ လေ့လာမှုတွေအရ ဦးနှောက်ကို ကျန်းမာစေဖို့ဆိုရင် ညတိုင်း ၇ နာရီထက်မနည်းတဲ့ အိပ်ချိန် ရှိဖို့ လိုပါမယ်။ အိပ်စက်မှုပြဿနာ ရှိမယ်ဆိုရင်လည်း အမြန်ဆုံးဖြေရှင်းဖို့ အရေးကြီးပါမယ်။
အလေ့အထ #၂ : ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက နောက်ထပ်ဆိုးရွားတဲ့ အလေ့အထပါ။ ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အလေ့အထ တစ်ရပ်ပါ။ ဆေးလိပ်သောက်တာက သွေးကြောတွေကို ပျက်စီးစေနိုင်သလို နာတာရှည် ရောင်ရမ်းမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက လေဖြတ်စေနိုင်သလို သိမြင်မှုစွမ်းအင် ကျဆင်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက dementia ဖြစ်နိုင်ခြေ ပုံမှန်ထက် ၂ ဆ များနေပါတယ်။ ဆေးလိပ်ဖြတ်တာက ဦးနှောက်ကို ကျန်းမာစေမယ့် အလေ့အထကောင်း တစ်ခုပါ။
အလေ့အထ #၃ : တစ်ကိုယ်တည်း အနေများတာ
အထီးကျန်ဆန်ဆန် နေတာ၊ အချိန် အများစုကို တစ်ကိုယ်တည်း ကုန်ဆုံးစေတာက ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လူအများနဲ့ ပြောဆိုဆက်ဆံတာက ဦးနှောက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အများနဲ့ စကားစမြည် ပြောဆိုဆက်ဆံတာက စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာ နဲ့ dementia တွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိသားစုကို အချိန်ပေးတာမျိုး သူငယ်ချင်းတွေနဲ့အတူ ပြောဆိုနေတာမျိုးတွေ လုပ်ဆောင်ဖို့လိုပါမယ်။
အလေ့အထ #၄: အထိုင်များတာ
ဦးနှောက်ကို ပျက်စီးစေနိုင်တဲ့ နောက်ထပ် အလေ့အထ တစ်ခုက လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတာပါပဲ။ အထိုင်များတာက နေ့စဉ်ဘဝမှာ လူတိုင်း ရှောင်လွှဲလို့မရတဲ့ နေထိုင်မှုပုံစံ တစ်ရပ်ပါ။ အထိုင်များတာက ဦးနှောက်ကို ပျက်စီးစေနိုင်သလို အဝလွန်တာ၊ နှလုံးရောဂါ နဲ့ ဆီးချိုလိုမျိုး ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို နာရီဝက် တစ်ပတ်ကို ၃ ကြိမ်လောက် လမ်းလျှောက်ပေးမယ်ဆိုရင်ကို ဦးနှောက်ကျန်းမာစေဖို့ လုံလောက်ပါတယ်။
အလေ့အထ #၅ : အစားအလွန်အကျွံစားတာ
ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ နောက်ထပ် အလေ့အထ တစ်မျိုးက အစားအလွန်အကျွံ စားပေးတာပါ။ အစားတွေ အများကြီး စားတာက သတိမေ့တာ၊ သိမြင်မှုစွမ်းရည် ကျဆင်းတာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဦးနှောက် ကျန်းမာစေဖို့ဆိုရင်တော့ အစားတွေကို အလွန်အကျွံစားတာမျိုး မလုပ်ပါနဲ့။ ကျန်းမာအောင် စားသောက်တာက ဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးတာပါပဲ။
အလေ့အထ #၆ : သရေစာတွေ အများကြီးစားတာ
အစားအစာတွေကို အများကြီး အလွန်အကျွံ စားတာက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သရေစာတွေ အများကြီးစားတာ ဥပမာ - ဆီကြော်စာတွေ၊ အာလူးကြော်တွေ၊ ဟမ်ဘာဂါတွေ၊ အချိုရည်တွေကို သောက်သုံးတာ စားသောက်တာတွေက ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။
အလေ့အထ #၇: နားကြပ်ကို အသံအကျယ်ကြီး နားထောင်တာ
သီချင်းနားထောင်တာက စိတ်လက်အပန်းပြေစေတယ်ဆိုပေမယ့် နားကြပ်တွေကို အသံကျယ်ကြီးနဲ့ နားထောင်တာက ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်ပဲ အသံကျယ်ကျင်္ယ နားထောင်ရင်တောင် အကြားအာရုံကို ပျက်စီးစေပြီး ရေရှည်မှာ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။
အလေ့အထ #၈ : အမှောင်ထဲမှာ အကြာကြီး နေတာ
အမှောင်ထဲမှာ အချိန်အကြာကြီး နေတာက နေရောင်နဲ့ ထိတွေ့တာမျိုး မရှိသလို ရေရှည်မှာ စိတ်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် နေ့အလင်းရောင်နဲ့ မနက်ခင်း နေခြည်နွေးနွေးတို့နဲ့ ထိတွေ့ပေးပါ။ အမှောင်ထဲမှာ အချိန်အကြာကြီးနေတာမျိုး မလုပ်ပါနဲ့။
အလေ့အထ #၉: အပျက်သဘောဆောင်တဲ့ အတွေးတွေ
အပျက်သဘောဆောင်တဲ့ အတွေးတွေက ဦးနှောက်ကို ပျက်စီးစေနိုင်တဲ့ အလေ့အထတွေပါ။ စိတ်ဖိစီးတာ စိုးရိမ်စိတ် များတာတွေက ဦးနှောက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်ထားလေး ထားလို့ အကောင်းမြင်အတွေးလေးတွေ တွေးပါ။ ဒီလို တွေးတောတာက ဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးတာပါပဲ။
ကိုယ်တိုင်ရော ဦးနှောက်လေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထ ဘယ်နှခုလောက်များ လုပ်မိနေသေးလဲ။
မွန်မွန်